Aug 31, 2011

ထိရှလွယ်တဲ့ မသိခြင်းငှက်ငယ်သို့

လမသာ၊ ကြယ်မရှိတဲ့ ညက အကျည်းတန်ခြင်း ကင်းလို့
သူ့စက်ဝိုင်း မှန်မှန်လှည့်ရင်း နံရံတစ်ဖက်ခြားဆီက
ရှိုက်သံတွေကို မထီမဲ့မြင်ပြုရင်း လေထန်ထန်တွေနဲ့
လောကကို ကျီစယ်နေလိုက်တာ....
စာနာမှုကင်း အပြစ်တင်ခြင်းကို ဥပေက္ခာပြုနေရင်းပေါ့...

မှောင်ရိပ်ထဲရောက် လမ်းပျောက်နေတဲ့
ငှက်ငယ်အဖို့ နွေးထွေးတဲ့ ခိုလုံရာ ရင်ခွင်တစ်ခု
ရှားပါးလှချည်လား..ဆိုတဲ့ အတွေးတစ်ခုပဲရသေးတယ်...
အဲဒီညက စနေမိုးတဲ့လေ...တစ်ညလုံးဆွေလို့
သည်းလို့ကောင်းနေလိုက်တာ
ညှာတာမှု ရှိရကောင်းမှန်း သူနားမလည်ရှာဘူး...
လူမသိ သူမသိ ဘဝတစ်ခု ရေစုန်မျှော လိုက်ဖို့
အားမလျှော့လိုက်ပါနဲ့ ငှက်ငယ်..
မနက်ဖြန်တော့ ရောင်နီလာနိုင်ကောင်းပါရဲ့လေ.....

ထိနာချက်ပြင်းလို့ ငါ့လမင်း ဘယ်ဆီမှာများ ပုန်းနေပါလိမ့်ရောလို့..
ဆီမိးခွက်နဲ့ " လ " ပျောက်ရှာတဲ့ အဲဒီည ...
ငါကိုယ်တိုင် ခွန်အားတွေ ချည့်နဲ့နေလည်း

Aug 30, 2011

အချစ်နဲ့ နားလည်မှု

သင့်ကို နားလည်မှုပေးနိုင်သူတစ်ယောက်က အချင်းချင်း စိတ်လက်ချမ်းသာစေတဲ့အချစ်ကို သယ်ဆောင်ပေးလာနိုင်သတဲ့။

သင့်ကို နားလည်မှုမပေးနိုင်သူတစ်ယောက်က နောက်ဆုံးမှာ သင့်ကိုဆင်ခြေတွေးတောစရာ တစ်ခုပေးပါသတဲ့။ အဲဒီတွေးတောစရာက "လူ့ဘဝမှာ "နားလည်မှုရှိတာ"ဟာ "ချစ်တာ"ထက် ပိုအရေးပါတယ်" ဆိုတာပဲဖြစ်တယ်။

"သင့်ကိုနားလည်တဲ့သူ ချစ်ပါစေ"ဆိုတဲ့ သီချင်းဟောင်းတစ်ပုဒ်မှာ သီချင်းစာသားတစ်ခုက..... "ချစ်ကြိုက်တယ်ဆိုတာ တစ်ဘက်သားရဲ့ နေထိုင်မှုထဲဝင်ရုံတင်မဟုတ်ဘူး.. အချင်းချင်းရဲ့ဘဝထဲ ပိုဝင်နိုင်ရမယ်"လို့ ဆိုထားပါတယ်။ "အချစ်"ရဲ့ အမြင့်ဆုံးအဆင့်က "နားလည်မှု"ဖြစ်တယ်။

"နားလည်တာလား! ချစ်တာလား!"ဆိုတာကို လူတွေက ရွေးချယ်မှုပုစ္ဆာအဖြင့် သဘောထားပြီး လူအများက "ချစ်တယ်"ဆိုတာကို ရွေးချယ်တတ်ကြတယ်။ နားလည်တာထက် ချစ်ရတာဟာ လူကို ပိုကြည်နူးစေတယ်လို့ သူတို့ထင်ကြလို့ဖြစ်တယ်။

တကယ်တမ်းတော့ ဒီလိုမဟုတ်ခဲ့ပါဘူး...
မကြာခဏမြင်တွေ့နေရတဲ့ မပျော်ရွှင်တဲ့ ချစ်သူရည်းစားတွေ၊ လမ်းခွဲပြတ်စဲသွားကြတဲ့

Aug 28, 2011

မင်းခိုက်စိုးစံ ၏ အပိုင်အစများ (ကလေးအတွေး)

(၁)

“သား… ကျောင်းမသွားချင်ဘူးမေမေ"

“ဘာဖြစ်လို့လဲသားရဲ့"

“ကျောင်းရောက်ရင် သားကို ကကြီးရေးပြပါလို့ ခိုင်းလိမ့်မယ်မေမေရဲ့"

“ဒါများ….ဘာခက်လို့လဲ သားရယ်၊ ရေးပြလိုက်ပေါ့"

“မေမေ ဘာသိလို့လဲ၊ ကကြီးရေးပြီးရင် သူတို့က ခခွေးပါ ဆက်ပြီးရေးခိုင်းကြဦိးမှာ…"

အမည်မဲ့

ကျွန်တော့်မှာ …
ငါးမျှားချိတ် တစ်ခုရှိတယ်။
အဲဒါနဲ့ အရာရာကို
မျှားလို့ရတယ်။

တစ်ခါက ထိသမျှရွှေဖြစ်စေတဲ့
မိုက်ဒက်ဘုရင်ရဲ့ လက်တစ်ဖက်ရတယ်။

တစ်ခါက ကျောက်သားဖြစ်စပြုနေတဲ့
အစိမ်းရောင် အိပ်မက်တစ်ခုရတယ်။

တစ်ခါက တစ်ကိုက်ကိုက်ထားတဲ့
ဧဝရဲ့ ပန်းသီးတစ်လုံးရတယ်။

တစ်ခါက ဖော်မလင်စိမ်ထားတဲ့
ခေတ်စမ်းကဗျာ စာအုပ်တစ်အုပ်ရတယ်။

တိမ် နှင့် လူ

ငယ်စဉ်က မကြာခဏပင် ကောင်းကင်သို့ ပျံတက်လိုသောစိတ် ဖြစ်ပေါ်ခဲ့ဖူးသည်။ အခြားဆန္ဒ ရှိလှသောကြောင့် မဟုတ်။ တိမ်ကို ကိုင်ကြည့်လိုမှု တစ်ခုကြောင့်ဖြစ်သည်။ အပြာနုရောင် မိုးပြင်မှာ ဆွတ်ဖြူသည့် တိမ်စိုင်တို့ ပွတ်ရှပ်မျောလွင့်နေပုံကို သစ်ပင်ခွကြားပေါ် တက်ထိုင်၍လည်းကောင်း၊ အိမ်ခေါင်မိုး သွပ်ပြားပေါ် ပက်လက်လန်လှဲ၍ လည်းကောင်း၊ တမက်တမော ကြည့်ဖူးသည်။ ဤဆွတ်ဖြူနုအိသည့် တိမ်တိုက်တို့ အပေါ်သာ ထိုင်လိုက်သွားရလျှင် ကြားဖူးသော ပုံပြင်တွေထဲက ကော်ဇောပျံစီးရတာမျိုးထက် သာလိမ့်မည်ဟု တွေးမိ၏။ ကလေးသာသာ လူပျိုပေါက်ဘဝ စိတ်ကူးနှင့် ထိုတိမ်တိုက်တို့ အထဲတွင် တိုးဝှေ့လူးလှိမ့်ချင်သည်။ ပျော်မြူးခုန်ပေါက် ချင်သည်။

သူငယ်ချင်းမိုးကျော်ဆီက ဆေးရောင်စုံ ရုပ်ပြစာအုပ်ထဲတွင် အတောင်ပေါက်နေသော လူများ၏ပုံကို တွေ့ရသော အခါ သူ တအံ့တသြ သဘောကျမိပြန်သည်။ ရုပ်ပြစာအုပ်ကို နိုင်ငံခြားမှ ပြန်လာသည့် မိုးကျော်အဖေ ယူလာခဲ့ခြင်း ဖြစ်သည်။ သူ့ဘဝတွင် တိမ်တွေအကြောင်းကို ပထမဆုံး ပြောနိုင်သူမှာလည်း မိုးကျော်ပင် ဖြစ်၏။ ကျောင်းပိတ်ရက်တွင် မိုးကျော်သည် သူ့ အဘိုးနှင့် အဘွားရှိရာ မန္တလေးသို့ လေယာဉ်ပျံဖြင့် သွားလည်ခဲ့သည်။

“တို့စီးတဲ့ လေယာဉ်ပျံက တိမ်တွေထဲကို ဖောက်ဝင်သွားတယ်”

သူ ရင်တွေ ခုန်နေသည်။ သူတို့အထဲတွင် မိုးကျော်သည် တိမ်တွေထဲသို့

သမီးလေး ပို့တဲ့ "စာ"


သို့ ဖေဖေ

ဖေဖေနေကောင်းတယ်မဟုတ်လား။ ဖေဖေနေကောင်းအောင်လို့ သမီးဆုတောင်းနေမယ်နော်။ ဖေဖေက သမီးဖေဖေ့ကို သတိရရင် စာရေးပေါ့ဆိုလို့ သမီးရေးလိုက်တာ။ ညနေ ကျောင်းဆင်းမှ ဖေဖေ တခါက ပြထားတဲ့ စာတိုက်ပုံး နီနီကလေးထဲ သမီးသွားထည့်လိုက်မယ်။ ဖေဖေ့ အလုပ်တွေက ဘယ်တော့ ပြီးမှာလဲဟင်၊ သမီး ဖေဖေ့ကို သတိရလှပြီ။ အလုပ်တွေ ပြီးရင် ပြန်လာပါ တော့နော်။ မနေ့ညကလေ မိုးတွေ အရမ်းရွာတယ်။ လျှပ်စီးတွေ လက်တော့ သမီးကြောက်လိုက်တာ။

Aug 5, 2011

ဝမ်းစာ

ကျွန်တော် ရန်ကုန်ပြန်ရောက်နေတာ ဒီနေ့ဆို တစ်လနဲ့ ၄ ရက်ရှိသွားပြီပေါ့၊ စည်းကမ်းပျက်နေတဲ့ ကျွန်တော့်တို့ ရဲ့ ရန်ကုန်မြေဟာ လွန်ခဲ့တဲ့ ငါးနှစ်ကျော်ကာလတွေနဲ့ ဘာမှကို မဆိုင်တော့သလိုပဲ.....

ရန်ကုန်ဟာ အရင်ထက်ပိုစည်မစည်တော့ မသိပါဘူး၊ လမ်းပေါ်မှာတော့ ကားတွေကတော့ အများကြီးပါ၊ ကုန်ဈေးနှုံးကလဲ မကျသေးဘူးလို့ ပဲ ဆိုရမလားပဲ ...
Newer Posts Older Posts Older Posts