မြို့ပြ...
နောက်ဆုံးပေါ် မျက်ရည်စက်တွေရှိတယ်...
ရှေ့ဆုံးထွက် အတ္တတွေရှိတယ်...
သိုးရေခြုံ ဝံပုလွေတွေရှိတယ်...
တိတ်တိတ်ကလေး ရှိုက်နေကြတဲ့
ခေါင်းအုံးပေါ်က ပုလဲလုံးလေးတွေရှိတယ်။
ကောင်မလေးရယ်...
မငိုပါနဲ့တော့...
မင်းထားရစ်ခဲ့တဲ့
မြို့ဟောင်းလေးထဲမှာပေါ့...
အကြင်နာတရားတွေရှိတယ်...
လူလူချင်း စာနာစိတ်တွေ...
မေတ္တာတရားတွေ ရှိတယ်...
မင်းအတွက် ဖြန့်ခင်းထားတဲ့
ငါ့ရင်ဘတ်ကြီးရှိတယ်...
ပြက္ခဒိန်တွေ လက်ချိုးရေရင်း
မင်းအတွက်... ငါပျိုးထားတဲ့
ပန်းခင်းလေးတွေ လွမ်းနေတတ်ပြီလေ...။ ။
ကချင်လေး
0 comments:
Post a Comment