Sep 30, 2011

Tsaw ra jaw ai Birthday Card

Sep 28, 2011

အကြိုက်ဆုံး သီချင်းဗီဒီယို ၂၀ (စက်တင်ဘာလ)

Sep 15, 2011

Happy World Myanmar

Sep 12, 2011

Speedy Scandal (Korean Movie)

Sep 10, 2011

Billboard Top 10 Songs for September 07

Sep 9, 2011

ကြားနေကျသတင်း

အက်ႌတစ္ထည္ထဲမွာ
ကျွန်ုပ်နဲ့သင် ပါတယ်
ဘက်တီးရီးယားပိုး ပါတယ်
လိင်ဆွဲဆောင်မှု ပါတယ်
၃၁-ဘုံ ခရီးသွားလက်မှတ်လဲ ပါတယ်။

နာရီတစ်လုံးထဲမှာ သံပတ်ပါတယ်
မစားရသေးတဲ့ ပန်းသီး ပါတယ်
သမိုင်းဝင်စစ်ပွဲတွေ ပါတယ်
ခြတောင်ပို့လဲ ပါတယ်။

ရေခဲမုန့်တစ်ခွက်ထဲမှာ
မလိုင် ပါတယ်
နို့မဝတဲ့ကလေးရဲ့ မျက်ရည် ပါတယ်
ရွှေရောင်တိမ်တိုက် ပါတယ်။

 ဆေးထိုးအပ်တစ်ခုထဲမှာ မိုးရေ ပါတယ်
ငွေလုပ်တဲ့စက် ပါတယ်
သေမင်းရဲ့ မျက်လုံး ပါတယ်။

မငိုပါနဲ့ ဧရာဝတီ

သူတို့ဟာ… ကမ္ဘာပေါ်မှာ တတိယအရှည်ဆုံးနဲ့ အာရှမှာ အရှည်ဆုံးမြစ်ဖြစ်တဲ့ ယန်စီ ဆိုတဲ့မြစ်ကြီးကို ပိုင်ဆိုင်ထားခဲ့တယ်။
အဲသလို ရှည်လျားလှပတဲ့ ကမ္ဘာ့အံ့ဖွယ် ယန်စီမြစ်ကြီးဟာဆိုရင် ယဉ်ကျေးမှုတွေ အမျိုးမျိုးကို တည်ဆောက်ခဲ့တဲ့ မြစ်ကြီးတစ်စင်း ဖြစ်တယ်။

သူတို့ဟာ… အဲဒီမြစ်ကြီးကို တိမ်ကော၊ ပျက်စီး၊ ပတ်ဝန်းကျင်သဘာဝတရားကြီးတစ်ခုလုံးကို မှောက်လှန်ဖျက်ဆီးလိုက်ခြင်းအားဖြင့် လူတွေသာမက ကျွဲနွားတိရစ္ဆာန်တွေပါ ဒုက္ခရောက်စေခဲ့တယ်။ အခုဆိုရင်.. ယန်စီမြစ်ကြီးဟာ.. ပျောက်ကွယ်သွားတော့မယ့် ကမ္ဘာ့အထင်ရှားဆုံး သဘာဝသယံဇာတ ၁၀ ခုထဲမှာ တစ်ခုပါနေပြီ။ နောက်နှစ်အနည်းငယ်မှာ.. ယန်စီဆိုတာ တရုတ်လူမျိုးတွေရဲ့ ဒဏ္ဍာရီနဂါးကြီးတွေလို.. ရှေးဟောင်းစာပေကျမ်းဂန်တွေထဲမှာပဲ ရှင်သန်အသက်ဝင်လှုပ်ရှားတော့မယ်ထင်ရဲ့။

ဒီမြစ်ကြီးတင်လား ဆိုတော့ မဟုတ်သေးဘူး၊ သူတို့ပိုင်ဆိုင်တဲ့ အခြား အခရာမြစ်ကြီး ခုနှစ်စင်းဖြစ်တဲ့ အ၀ါရောင်မြစ်(Yellow River)၊ ပုလဲမြစ် ( Pearl River), Songhua River, Huai River, Hai River နဲ့ Liao River တွေကိုလည်း ဖျက်ဆီးပစ်ခဲ့တယ်။ ဖျက်ဆီးခံရတဲ့ မြစ်တွေကြောင့် သူတို့တိုင်းပြည်အနှံ့မှာ မိုးခေါင်ရေရှားရပ်ဝန်းတွေ ပေါ်တယ်၊ ရေတွေကြီးတယ်၊ လူတွေသာမက တိရစ္ဆာန်တွေပါ ဒုက္ခအမျိုးမျိုးရောက်နေတယ်။

Sep 3, 2011

သံစဉ် အပိုင်းအစများ (၁)









Sep 2, 2011

S.I.R - Rock House ( BigBag, Wanted, Reason, Idiot )

01 Rock & Roll – ဒေါင်းလုဒ်ရယူရန်

02 ရေလိုက်ငါးလိုက် – ဒေါင်းလုဒ်ရယူရန်

03 တစ်ပွေထဲလိမ့် – ဒေါင်းလုဒ်ရယူရန်

04 ခေါ်သံများ – ဒေါင်းလုဒ်ရယူရန်

05 ဘဝခါး – ဒေါင်းလုဒ်ရယူရန်

06 ဉာဏ်နည်းသူ – ဒေါင်းလုဒ်ရယူရန်

07 ဦးနှောက်ပုံနှလုံးသား – ဒေါင်းလုဒ်ရယူရန်

08 အပြစ်မဲ့အမှား – ဒေါင်းလုဒ်ရယူရန်

Sep 1, 2011

စာအုပ် နှင့် လူ

သူ့ပုံပန်းကအငြိမ်းစား ပါမောက္ခကြီးတစ်ဦး အသွင်နှင့်တူ၏။ ဖွေးဖွေးဖြူ ၍ဖြီး သင်လေ့ရှိဟန်မတူသော ဆံပင်များက ကုပ်ထိလုနီး ရှည်လျားစွာပြန့်ကျ နေသည်။ ရှုံ့တွတွသူ့မျက်နှာ နီစပ်စပ်ပေါ်တွင်လည်း မှဲ့ခြောက်နှင့်အရေးအ ကြောင်းအတွန့်များပြည့်နှက်နေ၏။ သူ့နှာခေါင်းချွန်ချွန်ပေါ်တွင် အမြဲရှိနေတတ်သည့် အဝေးအနီးကြည့်နိုင်သော အနက်ရောင် ကော်ကိုင်းမျက်မှန်သည်လည်း သူ့နည်းတူ အိုမင်းနေလေပြီ။သူ့ခေါင်းတွင် စွပ်ထားရာတွင် မြဲမြန်စေရန် ထိုမျက်မှန်၏ ကားနေသော ကိုင်းနှစ်ဖက်အဖျားကို သားရေကြိုးနှင့် ချည်နှောင် ဆက်သွယ်ထား၏။

အစိမ်းရောင် ဘန်ကောက်လုံချည်တစ်ထည်နှင့် အရောင်လွင့်ပျယ်စပြုနေ သော တိုက်ပုံအင်္ကျီ အနက်ကြီးတစ်ထည်တို့မှာ သူဝတ်နေကျ အဆင်အယင်များ ဖြစ်၏။ ကိုင်းနေသော သူ့ခါးကြောင့် ရှေ့ကိုငိုက်တွဲကျနေသည့် တိုက်ပုံ အင်္ကျီအနက်ကြီးမှာ သူ့ကိုယ်နှင့်စာလျှင် အတော်ပင် ဖားလျားပွယောင်းနေသည်ဟု ထင်စရာရှိ၏။ သူ့ပခုံးပေါ်မှာ လွယ်လာတက်သော တွဲအိနေသည့် လွယ်အိတ်အနက်ကြီး၏ အလေးချိန်ကြောင့်လည်း သူ့ခါးမှာ ပို၍ ပိကိုင်း သယောင်ရှိ၏။ ခါးကိုင်းကိုင်းဖြင့် ထိုလွယ်အိတ်အနက်ကြီးအား တနင့်တပိုးထမ်း သည်ကို မြင်လျှင် ပန်းဆိုးတန်းလမ်းထဲကို သူတရွရွဖြည်းညင်းစွာ လျှောက်လှမ်း ဝင်လာသည်ကို မြင်လျှင် ပန်းဆိုးတန်းလမ်းထဲရှိ စာအုပ်သည်များ လှုပ်လှုပ်ရှား ရှားဖြစ်သွားကြစမြဲပင်။
Newer Posts Older Posts Older Posts