May 18, 2011

နွေ


သင်ဟာ လောင်ကျွမ်းစေပါသလား...
နွေးထွေးစေပါသလား...
နွေးထွေးမှု အားကြီးလို့
ပူလောင်စေသလား... နွေ...

ကျွန်တော့် ချွေးစက်တွေကို
သင်..လှောင်ရယ်နေသလား... နွေ
ကျွန်တော် အေးမြချင်သူပါ... နွေ

ကန္တာရတွေ ဖြစ်ပေါ်စေသလို
သင်ဟာ...
ခြောက်ကပ်သော နွေးထွေးမှုကို ပိုင်သသူ...

သင့်ရဲ့ ခြေရင်းမှာ...
ရွက်ခြောက်တို့ ခစားနေလေရဲ့... ။   ။

ကျောက်ခေတ်

0 comments:

Newer Posts Older Posts Older Posts