လမသာ၊ ကြယ်မရှိတဲ့ ညက အကျည်းတန်ခြင်း ကင်းလို့
သူ့စက်ဝိုင်း မှန်မှန်လှည့်ရင်း နံရံတစ်ဖက်ခြားဆီက
ရှိုက်သံတွေကို မထီမဲ့မြင်ပြုရင်း လေထန်ထန်တွေနဲ့
လောကကို ကျီစယ်နေလိုက်တာ....
စာနာမှုကင်း အပြစ်တင်ခြင်းကို ဥပေက္ခာပြုနေရင်းပေါ့...
မှောင်ရိပ်ထဲရောက် လမ်းပျောက်နေတဲ့
ငှက်ငယ်အဖို့ နွေးထွေးတဲ့ ခိုလုံရာ ရင်ခွင်တစ်ခု
ရှားပါးလှချည်လား..ဆိုတဲ့ အတွေးတစ်ခုပဲရသေးတယ်...
အဲဒီညက စနေမိုးတဲ့လေ...တစ်ညလုံးဆွေလို့
သည်းလို့ကောင်းနေလိုက်တာ
ညှာတာမှု ရှိရကောင်းမှန်း သူနားမလည်ရှာဘူး...
လူမသိ သူမသိ ဘဝတစ်ခု ရေစုန်မျှော လိုက်ဖို့
အားမလျှော့လိုက်ပါနဲ့ ငှက်ငယ်..
မနက်ဖြန်တော့ ရောင်နီလာနိုင်ကောင်းပါရဲ့လေ.....
ထိနာချက်ပြင်းလို့ ငါ့လမင်း ဘယ်ဆီမှာများ ပုန်းနေပါလိမ့်ရောလို့..
ဆီမိးခွက်နဲ့ " လ " ပျောက်ရှာတဲ့ အဲဒီည ...
ငါကိုယ်တိုင် ခွန်အားတွေ ချည့်နဲ့နေလည်း